ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန

အသေးစား၊အငယ်စားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန

အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးမူဘောင်နှင့်ပံ့ပိုးဆောင်ရွက်နေမှုများ


မြန်မာနိုင်ငံတော်အစိုးရသည် အသေးစား၊အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးမြှင့်တင် နိုင်ရန်အတွက် အသေးစား၊အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ နှင့် အသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ အရှိန်အဟုန်ဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ကော်မတီနှစ်ခုမှ ဦးဆောင်၍ မြန်မာနိုင်ငံ တဝှမ်းလုံးရှိအသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ရန် အသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ ရံပုံငွေစီမံခန့်ခွဲရေးအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့စသည့်ဖြင့် လုပ်ငန်းအကောင်အထည်ဖော်မည့် အဖွဲ့များကို ဖွဲ့စည်းခဲ့ပါသည်။


အသေးစား၊အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရာတွင် SMEs Development Agencyအနေဖြင့် အသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးမှု အတွက် ကုန်စည်ပြပွဲများကျင်းပပေးခြင်း၊နိုင်ငံတော်အဆင့် National MSMEs Award ဆုများချီးမြှင့်ခြင်း၊ နည်းပညာများဖြန့်ဖြူးပေးခြင်း၊ Business Matching များကျင်းပခြင်း၊ အသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်းများ နှင့်ဝန်ထမ်းများအတွက် အရည်အသွေးမြင့်တင်မှုသင်တန်းများကျင်းပခြင်း၊ ငွေကြေးနှင့်သက်ဆိုင်သော အထောက်အကူများပေးခြင်း၊ အသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်း မှတ်ပုံတင်များပြုလုပ်ပေးခြင်း၊ အတိုင်ပင်ခံ ဝန်ဆောင်မှုများပေးခြင်းစသည့် အဓိက အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းများကိုပံ့ပိုးပေးလျက်ရှိပါသည်။

Our Structure

နောက်ဆုံးသတင်းများ

2026-09-21
“လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် နေပြည်တော်ရှိ MICCI-1 ၌ ကျင်းပခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ နည်းပညာနှင့် ဈေးကွက်မြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အိရွှေစင်ထွန်းက စိုက်ပျိုးရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အကြား တန်ဖိုးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး စာတမ်းတင်သွင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး စာတမ်းရှင်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ “လယ်ယာမြေမှ ဈေးကွက်ဆီသို့ - လယ်ယာစိုက်ပျိုးထုတ်လုပ်သူများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အကြား တန်ဖိုးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး” ခေါင်းစဉ်ဖြင့် စာတမ်းအား အောက်ပါ pdf တွင် လေ့လာဖတ်ရှုနိုင်ပါသည်။
2026-06-17
ကမ္ဘာတစ်ဝှမ်းလုံးတွင် အလုပ်အကိုင်ဖန်တီးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်စေခြင်းတို့၌ အဓိကမောင်းနှင်အားဖြစ်သော MSME များ၏ အရေးပါမှုကို အသိအမှတ်ပြုရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ ဇွန်လ(၂၇) ရက်‌နေ့ ကို “ကမ္ဘာ့ MSME နေ့” အဖြစ် ၂၀၁၇ ခုနှစ်မှ စတင်ကာ နှစ်စဉ် ကျင်းပခဲ့ကြပါသည်။ ယခု ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၁၀) ကြိမ်မြောက် အခမ်းအနား အတွက် ကုလသမဂ္ဂက သတ်မှတ်ထားသော ဆောင်ပုဒ်မှာ “The Future Generation of MSMEs” (အနာဂတ်မျိုးဆက်သစ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ) ဆိုသည်မှာ နည်းပညာတဟုန်ထိုးတိုးတက်လာသည့်ခေတ်တွင် ရေရှည်တည်တံ့ပြီး လူသားဗဟိုပြုသော စီးပွားရေးပုံစံသစ်သို့ ကူးပြောင်းခြင်းဖြစ်ပြီး၊ လက်ရှိနည်းပညာနှင့် ဉာဏ်ရည်တု (AI)ခေတ်အတွင်း မျိုးဆက်သစ် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကို အဓိက ဦးတည် ထားရှိပါသည်။ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန အနေဖြင့် “ကမ္ဘာ့ MSME နေ့ (World MSME Day) အခမ်းအနား” ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်- (က)MSME လုပ်ငန်းများသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် အလုပ်အကိုင်ကောင်းမွန်စွာ ဖန်တီးပေးနိုင်သည့် အဓိက အရင်းအမြစ်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေစေရန်၊ (ခ) လူငယ်များနှင့် လုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်မှုနှင့်ဖန်တီးမှုကို ဖော်ထုတ် ပေးနိုင်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးကွက်ချဲ့ထွင်မှုကို အသေးစားလုပ်ငန်းများမှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များအထိတိုးတက်ကြီးထွားလာစေရန်၊ (ဂ) သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲ ရေရှည်တည်တံ့နိုင်သော စီးပွားရေး အလေ့အကျင့်ကောင်းများနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ကမ္ဘာ့လုပ်ငန်းရှင်များအကြား ပျံ့နှံ့သွားစေရန် ၊ (ဃ) ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များ (SDGs)အောင်မြင်စေရန်အတွက် MSME လုပ်ငန်းများ၏ အရေးပါပုံကို ပြည်သူ တစ်ရပ်လုံး ပိုမိုသိရှိနားလည်လာစေရန်။ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ MSME နေ့ (World MSME Day) အခမ်းအနားကို ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ MSME အေဂျင်စီများ၏ MSME ဖွံ့ဖြိုး တိုးတက် ရေးဆိုင်ရာပြခန်းများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများဖြင့် စည်စည်ကားကားကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ အများပြည်သူအနေဖြင့် ပါဝင်ဆင်နွဲနိုင်ရေးအတွက် သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
2026-05-24
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်အရ "Toolkit for MSMEs ပါ အောင်မြင်ရေးအလေ့အကျင့်ကောင်းများ လက်တွေ့အသုံးချရေး အသိပညာပေးသင်တန်း (ပထမအကြိမ်)" ကို ဝန်ကြီးဌာနနှင့် MSME Association (နေပြည်တော်) တို့ ပူးပေါင်း၍ နေပြည်တော်အတွင်းရှိ MSME လုပ်ငန်းရှင်များအတွက် နေပြည်တော်၊ ရုံးအမှတ် (၃၀) ၌ မေလ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ MSME လုပ်ငန်းရှင် (၂၀) ဦးခန့် တက်ရောက်ခဲ့ပြီး MSME Tool Kit ပါ လမ်းညွှန်ချက်များနှင့် အလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေးအတွက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေလွင်ထွဋ်က သင်တန်းနည်းပြအဖြစ် ပို့ချခဲ့ပါသည်။MSME လုပ်ငန်းရှင်များအတွက် ဤကဲ့သို့ ရှင်းလင်းဆွေးနွေးခြင်းသင်တန်းများကို စုစုပေါင်း (၃) ကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
2026-05-15
ဒေသဆိုင်ရာအေဂျင်စီများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၏ ဧပြီလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား လေ့လာ ဖတ်ရှုနိုင်ရန် pdf ဖိုင်ဖြင့် ဖော်ပြထားပါသည်။

UEC News

ကျင်းပရန်စီစဉ်ထားသောပွဲများ

There is no upcoming event.

ပူးပေါင်းဆောင်ရွက်နေသည့်မိတ်ဖက်အဖွဲ့အစည်းများ