The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 20-11-2018 to 1-12-2018
From 10:45 PM to 1:00 PM
ရန်ကုန်မြို့ မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ SME Center

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Panna Online School တို့ပူးပေါင်းပြီးSME လုပ်ငန်းရှင်များအတွက် Online Training များ ဖွင့်လှစ်သင်ကြားမည့်အစီအစဉ်

        မြန်မာနိုင်ငံမှ SME လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုစေရန်နှင့် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်များ၊ နည်းပညာဆိုင်ရာလိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Panna Institute, Panna Online School တို့ပူးပေါင်းပြီး SME လုပ်ငန်းရှင်များ၊ လုပ်ငန်းစတင်တည်ထောင်လိုသူများနှင့် SME Staff များအတွက် ဘာသာရပ်ဆိုင်ရာ သင်တန်းများကို Online မှနေ၍ ဖွင့်လှစ်ပို့ချသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

         အဆိုပါ Panna Online School ကို ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် SME လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးပညာရပ်များကို စရိတ်အနည်းဆုံးဖြင့် သင်ကြားနိုင်ခြင်း၊ မိမိတို့အားလပ်သည့်အချိန်၌ အချိန်မရွေး လေ့လာသင်ယူနိုင်ခြင်း၊ သင်တန်းတက်ရောက်ရန် သွားလာရခက်ခဲဝေးလံသည့် ဒေသများမှ လူငယ်နှင့် လုပ်ငန်းရှင်များအတွက် အဆင်ပြေလွယ်ကူစွာ      လေ့လာသင်ကြားနိုင်ခြင်း၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာလည်ပတ်နိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်ရန်အတွက် လိုအပ်သောပညာရပ်များကို အလွယ်တကူလေ့လာ                     သင်ယူခြင်းဖြင့် စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည်။အဆိုပါ Panna Online Training Website အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင်         အများပြည်သူထံသို့ စတင် မိတ်ဆက်ချပြပေးသွားမည်ဖြစ်ပြီး Website မှတဆင့် စတင်လေ့လာသင်ယူနိုင်မည့် ဘာသာရပ်များမှာ

1. Human Resources Management

2. Finance for SMEs

3. Bookkeeping for Manufacturing

4. Fundamentals of Marketing

5. Social Media Marketing

6. Business Communicative English

7. Family Business Management

8. IT for Business.

တို့ကို လေ့လာသင်ယူနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်မည့် Application Apk ကိုလည်း အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အထူးအစီအစဉ်တရပ်အနေဖြင့် စက်မှုဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ (SME Member Card ရရှိထားသည့် လုပ်ငန်းရှင်များ)နှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် ပုံမှန်သင်တန်းကြေးထက် သက်သာသည့် နှုန်းထားဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါသဖြင့် တက်ရောက်လိုသူများအနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်စာရင်းသွင်းလေ့လာသင်ကြားနိုင်ပါကြောင်းနှင့် Website မိတ်ဆက်ပွဲ အခမ်းအနားနှင့် အသုံးပြုပုံအသေးစိတ်ရှင်းလင်းပြောကြားမည့်အစီအစဉ်ကို ရန်ကုန်မြို့ မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ SME Center တွင် ဒီဇင်ဘာလ (၁) ရက်နေ့ နေ့လည်(၁)နာရီမှ (၃) နာရီထိကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများအနေဖြင့် လာရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။