"Financial Services and Management Training for Myanmar SMEs" သင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမတွင်
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိနိုင်ပါရန် သတင်းပေးခြင်း
ဘဏ်(သို့မဟုတ်) ချေးငွေရရှိနိုင်မည့် အခြားအခွင့်အလမ်းများနှင့် လုပ်ငန်းရှင်ကိုယ်တိုင် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ ချေးငွေရယူနိုင်ခြင်း၊ ချေးငွေများအား လုပ်ငန်းခွင်အတွင်း စနစ်တကျ အသုံးပြုနိုင်ခြင်း နှင့် ချေးယူထားသော ငွေကို အသုံးပြုလျက် လုပ်ငန်းတိုးချဲ့ရာတွင် လိုအပ်သည့် အကြံဉာဏ်များ ဆက်လက်ရယူနိုင်စေရန် " Financial Services and Management Training for Myanmar SMEs" သင်တန်းကို 2019ခုနှစ်၊ ဖေဖော်ဝါရီလ(၉) ရက်နေ့မှ (၁၁) ရက်နေ့ထိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် Matrix Institute of Professionတို့ပူးပေါင်းကျင်းပမည်ဖြစ်ရာ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် 09-5148688 သို့ ဆက်သွယ်စာရင်းပေးပါရန်နှင့် လျှောက်လွှာများရယူလျှောက်ထားနိုင်ပါရန် သတင်းကောင်းပါးအပ်ပါသည်-
ဧရာရွှေဝါခန်းမ၊ ပုသိမ်မြို့
#Registration Fee - (20000) ကျပ်
#နေ့ရက်-
(9.2.2019)ရက်နေ့တွင် အကြိုဆွေးနွေးပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး
(10.2.2019)ရက်နေ့မှ (11.2.2019)ရက်နေ့ထိ သင်ကြားမည့် Document များ အခမဲ့
ဖြန့်ဝေပေးမည်ဖြစ်ပါသည်၊
Lunch နှင့် Tea Break (၂) ချိန်ပါဝင်ပါသည်၊