19-03-2018
12:00 PM
UMFCCI Office Tower ၊ ရန်ကုန်မြို့၊
စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ဂျပန်နိုင်ငံ၊ Japan-Myanmar Economic & Investment Center (JMEIC)တို့ ပူးပေါင်းပြီး SME Seminar & Business Exchangeအခမ်းအနားအား ၂၀၁၈ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ Office Tower ၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ စက်မှုဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ UMFCCI မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန် SME လုပ်ငန်း(၂၁)ခုမှ လုပ်ငန်းရှင် (၂၇)ဦးနှင့် မြန်မာလုပ်ငန်းရှင်(၈၅)ဦးတက်ရောက်ခဲ့ကြပါသည်။