22-09-2015
11:30 AM
International Business Center (IBC)၊ ရန်ကုန်မြို့
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် Japan – Myanmar Association (JMA) တို့ ပူးပေါင်း၍ ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်အတွက် 3rd Myanmar – Japan Business Matching အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့တွင် ရန်ကုန်မြို့ရှိ International Business Center (IBC) ၌ ကျင်းပပြုလုပ်ပေးခဲ့ရာ နိုင်ငံပိုင်လုပ်ငန်း(၃)ခု၊ ပုဂ္ဂလိကလုပ်ငန်း(၄၂)ခုတို့မှ လုပ်ငန်းရှင်များ တက်ရောက်၍ ဂျပန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။