The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2022-07-21
1:00 pm
နေပြည်တေ်

ASEAN- Korean Center (AKC) နှင့် ASEAN Coordinating Committee on MSMEs(ACCMSME) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ASEAN-ROK

Startup Week 2022 ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း Online ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။

အဆိုပါ ASEAN-ROK Startup Week 2022 တွင် အောက်ပါ Program များ ပါဝင်မည်ဖြစ်ပါသည်-

(က) Acceleration Programme:       ပြိုင်ပွဲဝင် Startups များနှင့် Korean/ Global Startup ကျွမ်းကျင်သူများအား AKC မှ ချိတ်ဆက်ပေးခြင်း

(ခ) Business Meetings:                  ASEAN Startup များနှင့် Korean/ Global မှ Venture Capital         များနှင့် တွေ့ဆုံဆွေးနွေးနိုင် ရန် စီစဉ်ပေးခြင်း၊

(ဂ) Pitching Contest:                     Startup များမှ ၎င်းတို့၏ Business Model များ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများအား အကဲဖြတ် ဒိုင်များ၏ ရှေ့မှောက်တွင် ရှင်းလင်းတင်ပြရမည် ဖြစ်ပြီး ပထမဆု အမေရိကန်ဒေါ်လာ ၃၀,၀၀၀နှင့် Next Rise 2023  တွင် ပါဝင်နိုင်ခွင့်၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁၀,၀၀၀၊ တတိယဆု အမေရိကန်ဒေါ်လာ ၅,၀၀၀ အသီးသီး ချီးမြှင့်ခြင်း၊

ပါဝင်ယှဉ်ပြိုင်မည့် Startup များအနေဖြင့် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံရမည်ဖြစ်ပါသည်-

-        လုပ်ငန်းတည်ထောင်သော သက်တမ်း (၇) နှစ်နှင့် အောက်ဖြစ်ရမည်။

-        သုံးစွဲသူများ၏တုံ့ပြန်မှုရရှိရန်အတွက် ဈေးကွက်အတွင်း စမ်းသပ်ဖြန့်ချိထားပြီး သော(Minimal Viable Product-MVP ထုတ်လုပ်ထားပြီးသော) Startup များဖြစ်ရန် လိုအပ်ပြီး အဆိုပါထုတ်ကုန်သည် ထုတ်ကုန်ပစ္စည်းအသစ်သော်လည်းကောင်း၊ ရှိရင်းစွဲထုတ်ကုန်ကို နည်းပညာအသစ်ဖြင့် ထုတ်လုပ်ထားခြင်းသော်လည်း ကောင်း ဖြစ်ရမည်။

-        ပါဝင်ယှဉ်ပြိုင်သော Startup ကိုယ်စားလှယ်များသည် ပိုင်ရှင်(သို့မဟုတ်) စီမံခန့်ခွဲမှု ဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူများ (C Level) ဖြစ်ပြီး အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ရမည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီသော Startup လုပ်ငန်းများ၏ အမည်စာရင်းအား တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တို့ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနများမှတစ်ဆင့် (၂၉.၇.၂၀၂၂) ရက်နေ့နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်မည့် Startup များအနေဖြင့် အောက်ဖော်ပြပါ Registration Form တွင် ဖြည့်စွက်၍ ybjin@aseankorea.org  izniza.albakri@asean.org တို့သို့ (၅.၈.၂၀၂၂) ရက်နေ့နောက်ဆုံးထား၍ ပေးပို့နိုင်ပါကြောင်း ASEAN-ROK Startup Week 2022 တွင် ပါဝင်ယှဉ်ပြိုင်ရန် အတွက် Startup လုပ်ငန်းများအား ဖိတ်ခေါ်အပ်ပါသည်။