6-03-2017
1:00 PM
UMFCCI ၊ ရန်ကုန်မြို့
မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် Japan Myanmar Economy & Investment Center (JMEIC) တို့ ပူးပေါင်း၍ ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ တွေ့ဆုံ၍ စီပွားရေးအရ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အတွက် "Myanmar - Japan SME Business matching 2017" ကို ၂၀၁၇ခုနှစ်၊ မတ်လ (၆)ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့စီးပွားရေးလုပ်ငန်း(၄၈) ခုမှ လုပ်ငန်းရှင်များ တက်ရောက်၍ ဂျပန်စီးပွားရေးလုပ်ငန်း(၉) ခုမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။