၂၀၂၃ ခုနှစ်၊ မတ် ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (၂၀.၃.၂၀၂၃)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမ၌တွေ့ဆုံ၍
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ
ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဒေါက်တာ မူထန်၊ ဒေါ်ဒွဲဘူနှင့် ဦးမောင်ကို၊
ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ကံဇော်၊ ဦးမင်းနောင်၊ ဦးလှမိုး၊
ဒေါက်တာ ချာလီသန်းနှင့် ဦးအောင်နိုင်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊
အနောက်မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊
မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊
တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။