NEWS

2023-02-10
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ
၅ ရက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (၅. ၂. ၂၀၂၃) ရက်နေ့တွင်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် အသီးသီးမှ
စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းရှင်များအား လှိုင်သာယာစက်မှုဇုန်၊ ကနောင်ခန်းမ၌တွေ့ဆုံ၍
စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားခဲ့ပါသည်။
အဆိုပါ
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်
ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊
ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊
ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်း၊ ခရိုင်
အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ ကော်မတီဥက္ကဋ္ဌများနှင့်
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)
လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

2023-02-10
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ( ၇. ၂. ၂၀၂၃)ရက်နေ့တွင်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)
လုပ်ငန်းရှင်များ အား ပုသိမ်မြို့၊
မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်
စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားခဲ့ပါသည်။
အဆိုပါ
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး
ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ
တပ်မတော် အရာရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်မှူးချုပ်ကြည်ခိုင်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
မြို့မိ၊ မြို့ဖများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား
စီးပွားရေး (MSME) လုပ်ငန်းရှင်များ
နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

2023-01-27
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်
အရေးပါသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ရန်
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ၂၀၁၅ ခုနှစ်၊
ဧပြီလ (၉) ရက်နေ့မှ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ကာ၊
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနည်းဥပဒေများကို ၂၀၁၆
ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ (၅)၊ ပုဒ်မခွဲ
(က) ပါ ပြဋ္ဌာန်းချက်အရ (၂.၃.၂၀၂၁) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၂၁ အဖွဲ့ဝင်
(၂၀) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်းကြောင့် (၁၃.၅.၂၀၂၁) ရက်နေ့တွင် အမိန့်ကြောငြာစာအမှတ် (၁၄၃/၂၀၂၁) အဖွဲ့ဝင် (၂၁) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး
MSME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၃၀.၉.၂၀၂၁)
ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၁၃/၂၀၂၁) ဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်
ဦးဆောင်၍ ဒုတိယဝန်ကြီးချုပ်က ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ
ပုဂ္ဂိုလ်များ စုစုပေါင်းအဖွဲ့ဝင် (၂၃) ဦးဖြင့် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အသေးစား၊
အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၂၂)
ကြိမ်မြောက် အစည်းအဝေးကို (၂၃.၉.၂၀၂၂) ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အောက်ဖော်ပြပါ အစည်းအဝေးဆုံးဖြတ်ချက်
(၁၆) ချက် ဆုံးဖြတ်ခဲ့ပါသည်-ထုတ်လုပ်မှုကဏ္ဍတွင်အစားအစာလုပ်ငန်း၊အဖျော်ယမကာထုတ်လုပ်မှုလုပ်ငန်း၊ ဝတ်ဆင်ရန်အထည်များထုတ်လုပ်မှုလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ သားရေနှင့်ပတ်သက်သော ကုန်ပစ္စည်းများထုတ်လုပ်မှုလုပ်ငန်း၊ သစ်နှင့်သစ်အချောထည်လုပ်ငန်း၊ ဆေးဝါးနှင့်ရုက္ခဗေဒဆိုင်ရာထုတ်ကုန်များ
ထုတ်လုပ်မှုလုပ်ငန်း၊ ရာဘာနှင့်ပလပ်စတစ်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်း၊ အခြားသတ္တုတွင်းထွက်ပစ္စည်းများထုတ်လုပ်မှုလုပ်ငန်း၊ အခြေခံသတ္တုပစ္စည်းများထုတ်လုပ်မှုလုပ်ငန်း၊ ပရိဘောဂထုတ်လုပ်မှုလုပ်ငန်း၊ စိုက်ပျိုးရေးမွေးမြူရေး၊ တွင်းထွက်နှင့်သစ်တောထွက်ပစ္စည်းလုပ်ငန်း(၁၂)ခုကို ဦးစားပေး အုပ်စု(က)အဖြစ် ဆောင်ရွက်သွားရန်၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား လုပ်ငန်းများကို မော်တော်ယာဉ်စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်မှုလုပ်ငန်း၊ e-vehicle လုပ်ငန်းများဆိုင်ရာ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်မှုလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးရန်၊ “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” အား “အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” အဖြစ်
ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၊ ဒေသဆိုင်ရာအေဂျင်စီများကို ဖွဲ့စည်းဆောင်ရွက်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက် ရန်ပုံငွေတစ်ရပ် တည်ထောင်နိုင်ရန်၊ပြည်ပသွင်းကုန်အစားထိုးအဖြစ်
ပြည်တွင်း၌ ထုတ်လုပ်သည့် လူသုံးကုန်၊ စားသောက်ကုန်၊ အဝတ်အထည်လုပ်ငန်းများကို ဦးစားပေး
အားပေးကူညီမြှင့်တင်ခြင်း ဆောင်ရွက်ပေးရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ (FDI)၊ အကြီးစားစက်မှုလုပ်ငန်းများနှင့် ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSME) နှင့် ချိတ်ဆက်
ဆောင်ရွက်နိုင်ရန်၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုကွင်းဆက်တစ်လျောက်တွင် ထောက်ပံ့ ထုတ်လုပ်ပေးနိုင်မည့် MSME များဖွံ့ဖြိုးတိုးတက်လာစေရန် အစီအစဉ်များဆောင်ရွက်ပေးရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍအလိုက်လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးနိုင်မည့် အစီအစဉ်များဆောင်ရွက်ပေးရန်၊ အသေးစား၊
အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သောသတင်းအချက်အလက်များ အလွယ်တကူရရှိစေရေး၊ MSME များ ဒီဂျစ်တယ်နှင့် IT နည်းပညာများကို သုံးစွဲ လာနိုင်ရေး၊ (e - Payment) စနစ်များ အားကောင်းလာစေရန် ကူညီပံ့ပိုးပေးရန်၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန်နိုင်ရေး
အတွက်
လိုအပ်သည့် ငွေကြေးအရင်းအနှီးများ ပံ့ပိုးပေးသည့်အစီအစဉ်များ ဆောင်ရွက်ပေးရန်၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အလားအလာရှိသော
ဒေသထွက်ကုန်ပစ္စည်းများအား ဦးစားပေးထုတ်ကုန်များအဖြစ် ရွေးချယ်သတ်မှတ်၍ ဒေသတစ်ခု
ထုတ်ကုန်တစ်ခု အစီအစဉ်များဆောင်ရွက်ရန်၊ MSME
ထုတ်ကုန်ပြပွဲ/ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသေးစားစက်မှုလုပ်ငန်းများ၊ သမဝါယမအသင်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ ဆောင်ရွက်သွားရန်၊ သမဝါယမ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများနှင့် ပူးပေါင်း၍ ကျွမ်းကျင်မှုသင်တန်းများပေးနိုင်အောင် ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများသည် အမှန်တကယ်အောင်မြင်ရေး ဆောင်ရွက်ရန်၊ SME
၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို
အာဆီယံနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန်နှင့် SME ဥပဒေ ပြင်ဆင်ရာ၌ အဓိပ္ပါယ်ဖွင့်ချက်တွင် SME လုပ်ငန်းများသည် ကုမ္ပဏီတစ်ခု၏ လက်အောက်ခံ မဖြစ်စေရဟု ထည့်သွင်းဖေါ်ပြရန်၊ ပြည်တွင်းရှိ ကုန်ကြမ်းများကို အသုံးပြုပြီး၊
သွင်းကုန်အစားထိုးထုတ်ကုန်များ မဖြစ်မနေထုတ်လုပ်ရန်နှင့် ဒုတိယအဆင့်အနေဖြင့် ပြည်ပဝင်ငွေရရှိအောင် ကြိုးစားဆောင်ရွက်ရန်၊ MSME
လုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးအရင်းအနှီးသည် အရေးကြီးဆုံးဖြစ်ပြီး အရင်းအနှီးမရှိပါက လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲများရှိသည့်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ရန်၊

2023-01-25
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၄. ၁၀. ၂၀၂၂
ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေး (MSME) လုပ်ငန်းရှင်များအား
ပြည်မြို့ရှိ၊ သီရိခေတ္တရာရတနာပုံ မြို့တော်ခန်းမ၌ တွေ့ဆုံ၍
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ
ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးကိုကို၊
ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးအောင်နိုင်ဦးနှင့်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊
ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်ခရိုင်အတွင်းရှိ အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

2023-01-23
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ - ၂၂နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၂. ၁၀. ၂၀၂၂
ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး
(MSME)
လုပ်ငန်းရှင်များအား နေပြည်တော်ကောင်စီရုံးဝင်းရှိ
ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ
ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊
ကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊
ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး
(ကြည်း၊ ရေ၊လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊
နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်ကောင်စီဝင်များနှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသေးစား၊
အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည်
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)
လုပ်ငန်းများမှ ထုတ်လုပ်ထားသည့်
တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။

2023-01-23
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၈. ၁၀. ၂၀၂၂
ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌
တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်
ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ
ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊
ဦးအောင်နိုင်ဦး နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်
တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ရှိ
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

2023-01-23
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၇.၁၀.၂၀၂၂ ရက်နေ့တွင်
ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)
လုပ်ငန်းရှင်များအား ဘားအံမြို့ ဇွဲကပင်ခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်း
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး
ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊
ဒေါက်တာကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်းနှင့် ဦးအောင်နိုင်ဦး
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်
တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘားအံမြို့ရှိ အသေးစား၊ အငယ်စားနှင့်
အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

2023-01-23
၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် (၁၃.၁၂.၂၀၂၂) ရက်နေ့တွင် ကချင်ပြည်နယ်အတွင်းရှိ
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မြစ်ကြီးနားမြို့၊
မြို့တော်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ
ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်းနှင့် ဦးအောင်နိုင်ဦး၊
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊
ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

2023-01-15
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၅.၁.၂၀၂၃ ရက်နေ့တွင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေး (MSME) လုပ်ငန်းရှင်များအား
ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို
ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ
ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ Jeng
Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊
ဦးလှမိုး၊ ဦးသောင်းဟန်၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊
ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊
ဟုမ္မလင်းခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

2022-12-03
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအား
ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများကို ဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး
ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုးနှင့် ဦးခင်မောင်ရီ၊
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊
ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

2022-11-28
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၈.၁၁.၂၀၂၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအာ မကွေးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။အဆိုပါတွေ့ဆုံပွဲသို့ တာဝန်ရှိသူများနှင့် မကွေးတိုင်းဒေသကြီး၊ ဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ သောက်ရေသန့်နှင့် ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

2022-11-04
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၄.၁၁.၂၀၂၂ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊
ထားဝယ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား
ထားဝယ်မြို့၊ မြို့နယ်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊
ကောင်စီဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊
ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်းနှင့် ဦးအောင်နိုင်ဦး၊ တနင်္သာရီတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ
တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊
ထားဝယ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ
တက်ရောက်ခဲ့ကြပါသည်။