ရှမ်းပြည်နယ် အေဂျင်စီ
ရှမ်းပြည်နယ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ
(၅.၂.၂၀၁၈) ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ SME Agency အဖွဲ့၊ SME ဌာန၊ MEB နှင့် MADB ဘဏ်တို့ပူးပေါင်း၍ SMEs များကို ဘဏ်များမှ ချေးငွေရရှိရေး လိုအပ်ချက်များကို အကျယ်တဝင့် သိရှိနိုင်စေရန် ညှိနှိုင်းခြင်း၊
(၇.၂.၂၀၁၈) ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ SME Agency အဖွဲ့၊ SME ဌာန၊ Ayarwaddy Farmer Development Bank မှထောက်ပံ့ငွေ ထုတ်ချေးပေးနိုင်ရေး တွေ့ဆုံးဆွေးနွေးခြင်း၊
(၉.၂.၂၀၁၈) ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် SMEs များကို ဘဏ်များမှ ချေးငွေရရှိရေးလိုအပ်ချက်များကို အကျယ်တဝင့် သိရှိနိုင်စေရန် ညှိနှိုင်းခြင်း၊
MSMEs ဒေသတွင်း ထုတ်ကုန် ပြပွဲကို (၂၉.၆.၂၀၁၈)ရက်နေ့မှ (၁.၇.၂၀၁၈)ရက်နေ့ထိ ရှမ်းပြည် နယ်၊တောင်ကြီးမြို့ ၌ အောင်မြင် စွာပူးပေါင်းကျင်းပနိုင်ခဲ့ပါသည်။
(၃၀.၆.၂၀၁၈) ရက်နေ့တွင် ရှမ်းပြည်နယ် အေဂျင်စီ နှင့် SME အေဂျင်စီတို့၏ ညှိနှိုင်း အစည်းအဝေးနှင့် Action Plan ဖော်ထုတ်ရေး အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ် ပါသည်။
(၃၀.၆.၂၀၁၈) ရက်နေ့တွင် SME Agency အဖွဲ့နှင့်ရှမ်းပြည်နယ် SME Agency အဖွဲ့တို့ တောင်ကြီးဟိုတယ်၊ တောင်ကြီးမြို့၌ တွေ့ဆုံ၍ SME Action Plan ရေးဆွဲနိုင်ရေး ညှိနှိုင်း ဆွေးနွေးခြင်း၊
(၄.၇.၂၀၁၈) ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးခန်းမ၌ ရှမ်းပြည်နယ် SME Agency အဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများတို့ တွေ့ဆုံ၍ SME Action Plan ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊