စစ်ကိုင်းတိုင်းဒေသကြီး SME Agency
စစ်ကိုင်းတိုင်းဒေသကြီး SME Agency ၏ (၁/၂၀၁၈)အစည်းအဝေးကို (၂၇.၅.၂၀၁၈) ရက် နေ့တွင် ကျင်းပခဲ့ပါသည်။
- မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်၏စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချ သူများအသင်းနှင့် Winrock International တို့မှပူးပေါင်းဆောင်ရွက်သော “ဖရဲ၊ သခွားမွှေး တန်ဖိုးကွင်းဆက်မြှင့်တင်ရေး စီမံကိန်း" ဒေသ အတွင်းအပါအဝင် ဖြစ်သော ချောင်းဦး၊ မြင်းမူ၊ အရာတော်၊ ဝက်လက်၊ ကသာနှင့် ထီးချိုင့်မြို့ များတွင်(၁၈.၆.၂၀၁၈) ရက်နေ့မှ (၂၅.၆.၂၀၁၈) ရက်နေ့အထိ SME Knowledge Sharing ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
- စစ်ကိုင်းတိုင်းဒေသကြီး SME Agency သည် SME Action Plan ရေးဆွဲနိုင်ရေး ဆောင် ရွက်ရန်၊ MSMEs စာရင်းများရရှိရေးအတွက် လိုအပ်သောစာရင်းများပြုစုရန်နှင့် ခရိုင်ရုံးခွဲ များတွင် SME Agency ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။