မန္တလေးတိုင်းဒေသကြီး အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ
(၁၈.၅.၂၀၁၈) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးဒေသကြီး အသေးစားနှင့်အလတ် စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအစည်းအဝေး (၁/၂၀၁၈)အား ကျင်းပပြု လုပ်ခဲ့ပါသည်။
ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် အခြေခံစားသောက်ကုန်များ၏ ကုန်စျေးနှုန်းများ အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးကုန်စည်ဒိုင်နှင့် ဟင်းသီးဟင်းရွက်စျေးများနှင့် ချိတ် ဆက်၍ အပတ်စဉ်သောကြာနေ့တိုင်း ပေးပို့တင်ပြလျက်ရှိပါသည်။
အခြေခံစားသောက်ကုန်သီးနှံဟင်းရွက်များ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွက်လက်ရှိစိုက်ပျိုးထုတ်လုပ်နေသော ဟင်းသီးဟင်းရွက်အမျိုးအစား အလိုက် စိုက်ပျိုးဧက၊ ထပ်မံတိုးချဲ့လိုသည့်ဧကနှင့် ထပ်တိုးစိုက်ပျိုးမည့် အမျိုးအစား၊ ထပ်တိုး စိုက်ရန် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ကွင်းဆင်းစီမံချက်ရေးဆွဲ၍ စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဌာနမှ စုစုပေါင်း(၄၆)ဦးတို့ဖြင့် (၁၈.၅.၂၀၁ဂ) ရက်နေ့မှ (၂၅.၅.၂၀၁၈)ရက် နေ့အထိ မြို့နယ်အလိုက် သတ်မှတ်ထားသည့် အဖွဲ့များဖြင့် မြို့နယ်(၂၁)မြို့နယ်ရှိ ကျေးရွာပေါင်း (၁၁၀)ရွာသို့ သွားရောက်လျက်ကွင်းဆင်းစာရင်းကောက်ယူခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ SME လုပ်ငန်းရှင်များအတွက် နည်းပညာဆိုင်ရာ သင်တန်းများ၊ ဘဏ္ဍာရေးဆိုင်ရာသင်တန်းများအား ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့အစည်းများ နှင့် ချိတ်ဆက်၍လစဉ်အလှည့်ကျ ကျင်းပပြုလုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
MEB ဘဏ်တွင် ချေးငွေလျှောက်ထားရန်အတွက် လိုအပ်သော ထောက်ခံချက်အား အေဂျင်စီမှ ဆုံးဖြတ်ထောက်ခံပေးရန် ဆောင်ရွက်လျက်ရှိပါသည်။
SME Member Card များအား SME ဥပဒေ၊ နည်းဥပဒေနှင့်အညီ တရားဝင် မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။