မကွေးတိုင်းဒေသကြီး SME Agency ၏ စီစဉ်မှုဖြင့် မကွေးမြို့တွင် နယ်သာလန်နိုင်ငံမှကူညီထောက်ပံ့မည့် “Export Promotion to EU Market” မိတ်ဆက်ရှင်းလင်းပွဲကျင်းပခဲ့မှုသတင်းမှတ်တမ်း
မကွေးတိုင်းဒေသကြီး SME Agency ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံမှ Home Decoration, Home Textile၊ Home Accessory နှင့်ပတ်သက်သည့် ထုတ်လုပ်မှုများအတွက် နယ်သာလန်နိုင်ငံ၊ CBI (Centre for the Promotion of the Imports from Developing Countries) မှ ထောက်ပံ့ကူညီမှု ပြုသွားမည့်“Export Promotion to EU Market” မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး SME Agency ဥက္ကဋ္ဌ၊ စီမံကိန်း ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်း၊ SME Agency မှ တာဝန်ရှိသူများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ နှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပါသည်။
နယ်သာလန်နိုင်ငံ CBI (Centre for the Promotion of the Imports from Developing Countries)၏ မြန်မာနိုင်ငံကိုယ်စားလှယ် ဒေါ်သက်စုလှိုင်မှ Project အရ မြန်မာနိုင်ငံ၏ ထုတ်ကုန်များ EU Market သို့ ဝင်ရောက်နိုင်ရန် CBI မှ ကူညီပြင်ဆင်ဆောင်ရွက်ပေးမည့် နည်းပညာဆိုင်ရာ အထောက့်အပံ့များအကြောင်း၊ ကူညီဆောင်ရွက်ပေးရန် ရွေးချယ်ခံရသည့် လုပ်ငန်းရှင်များအနေဖြင့် EU နိုင်ငံများတွင် ကျင်းပပြုလုပ်သွားမည့် ပြပွဲများသို့ ပါဝင်ပြသနိုင်ရန် ပံ့ပိုးဆောင်ရွက်ပေးမည့် အကူအညီများအကြောင်းနှင့် ပြပွဲသို့သွားရောက်မပြသမီ EU နိုင်ငံများတွင် လူကြိုက်များသည့် ထုတ်ကုန်ပစ္စည်းများကို မိမိတို့၏ထုတ်ကုန်ပစ္စည်းများနှင့် ယှဉ်ထိုးလေ့လာ၍ ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် လေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးသွားမည့် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။
အဆိုပါ CBI (Centre for the Promotion of the Imports from Developing Countries) ၏အစီအစဉ်အရ မြန်မာတစ်နိုင်ငံလုံးမှ Home Decoration, Home Textile၊ Home Accessory များ ထုတ်လုပ်ရောင်းချလျက်ရှိသည့် လုပ်ငန်းရှင် (၂၀) ဦး မှ (၃၀) ဦးထိ စီစစ်ရွေးချယ်ပြီး ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်သည်။
ဤမိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားများကို တောင်ကြီး၊ အင်းလေး၊ မန္တလေး နှင့် မကွေးမြို့များ တွင် ကျင်းပပြီးစီးခဲ့ပြီး ရန်ကုန်မြို့တွင်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။