မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် မကွေးတိုင်းဒေသကြီး SME Agency ၊ FFI (Fauna & Flora International) နှင့် အောင်နေလင်းထွန်းကုမ္ပဏီလီမိတက် ( Genius Coffee) တို့ ပူးပေါင်း စီစဉ်သည့် “အစိုးရ-ပုဂ္ဂလိက-အစုအဖွဲ့ ပေါင်းစည်းမှု (PPCP - Public Private Community Partnership) ဖြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းစီမံကိန်း” ရှင်းလင်းပွဲကိုကျင်းပရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ SME Agency အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပူးပေါင်းစီစဉ်သည့်အဖွဲ့မှ တာဝန်ရှိသူများ၊ ကော်ဖီစိုက်ပျိုး မည့်တောင်သူများ စုစုပေါင်း ( ၂၅၀ ) ခန့် တက်ရောက်ခဲ့ပါသည်။
ငဖဲမြို့နယ်သည် မကွေးတိုင်းဒေသ၏အိုအေစစ်ဟု တင်စားခေါ်ဝေါ်ရသည်နှင့်အညီ ကော်ဖီ ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသဖြင့် ကော်ဖီစိုက်ပျိုးရေး SME များ ပိုမိုတိုးတက်ဖြစ်ထွန်းလာစေရေးနှင့် ငဖဲမြို့နယ်တွင် ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင် ကော်ဖီထုတ်လုပ်သည့် စက်ရုံတည်ဆောက်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက-အစုအဖွဲ့ သဘောတူညီ ဆွေးနွေးနိုင်ခဲ့ကြပါသည်။