ပဲခူးတိုင်းဒေသကြီး SME Agency၏ လုပ်ငန်းဆောင်ရွက်မှု
ပဲခူးတိုင်းဒေသကြီး SME Agency ၏ (၁/၂၀၁၈)အစည်းအဝေးကို (၅.၆.၂၀၁၈) ရက်နေ့ တွင်ကျင်းပခဲ့ပြီး အောက်ပါတို့ကိုဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်-
- SME Agency အဖွဲ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို ထည့်သွင်း ဖွဲ့စည်း နိုင်ရေး ဆောင်ရွက်ရန်၊
- စာရင်းဇယားများမှန်မှန်ကန်ကန် ကောက်ယူ ရရှိရေးအတွက် Agency အဖွဲ့ဝင် အားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ အခြေခံစားသောက် ကုန်များ၏ ကုန်စည် စျေးနှုန်းများအား အပတ်စဉ် သတ်မှတ်ပုံစံဖြင့်ပေးပို့ရန်၊
- ပဲခူးတိုင်းဒေသကြီး MSMEs Products ဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲများအား အောက်တို ဘာလတွင် ကျင်းပရန်အတွက် ကြိုတင် ဆောင်ရွက်ရန်။
- ပဲခူးတိုင်းဒေသကြီး Panna Institute နှင့် ပူးပေါင်း၍ Business Plan Creation Training ကိုတောင်ငူမြို့တွင် SME လုပ်ငန်း ရှင် (၃၅) ဦးအား (၁၆.၅.၂၀၁၈) ရက်နေ့မှ (၁၇.၅.၂၀၁၈)ရက်နေ့အထိသင်ကြားပေးခြင်း။
- စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန နှင့် Panna Institute တို့ပူးပေါင်း၍ Business Plan Creation Training ကို တောင်ငူမြို့၊ပသိဟိုတယ်တွင်(၂)ရက်သင်တန်း ကျင်းပပြုလုပ်ခဲ့ပြီး တောင်ငူခရိုင်မှ SME လုပ်ငန်းရှင်(၃၅)ဦး တက်ရောက်ခဲ့ပါသည်။
- ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ နည်းပညာ(၁၁)မျိုး ဖြန့်ဝေခြင်းနှင့် လွှဲပြောင်းခြင်းသင်တန်းကို ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန (ရန်ကုန်)တွင် (၂)ရက် ကြာ ကျင်းပပြုလုပ်ခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး မှ SME လုပ်ငန်းရှင်(၁၁)ဦး တက်ရောက်ခဲ့ ပါသည်။
- ပဲခူးတိုင်းဒေသကြီး အသေးစားနှင့်အလတ် စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း။
ပဲခူးတိုင်းဒေသကြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ
ပဲခူးတိုင်းဒေသကြီးSME Agency ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ကုန်စျေးနှုန်းများ တည်ငြိမ်ရေး၊ ကုန်စည်စီးဆင်းမှုလွယ်ကူ ချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များ၏ လက်ရှိစျေးနှုန်းများ၊ ထုတ်လုပ်မှုအခြေ အနေများအား အပတ်စဉ်ပေးပို့နိုင်ရေးအတွက် ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများအား တာဝန်ခွဲဝေပေးခြင်းကို ညှိနှိုင်းဆုံးဖြတ်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး SME အေဂျင်စီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် အောက်တိုဘာလအတွင်းပ ကျင်းပပြုလုပ်မည့် MSMEs Trade Promotion Fairs & Regional Awards အကြောင်း အား အသိပေးဆွေးနွေးခဲ့ပါသည်။