ရန်ကုန်တိုင်းဒေသကြီး SME Agency
ရန်ကုန်တိုင်းဒေသကြီး SME Agency (၁/၂၀၁၈)အစည်းအဝေးကို (၁.၆.၂၀၁၈)ရက်နေ့ တွင် ကျင်းပခဲ့ပြီး အောက်ပါတို့ကိုဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်-
- SME Agency ချေးငွေထုတ်ပေးနိုင်ရေး အတွက် အလားအလာ ရှိသော SME လုပ်ငန်း (၁၀၀)ခု အား ရွေးချယ်ရန်၊
- လုပ်ငန်း(၁၀၀)ခုကို ရွေးချယ်ရာတွင် ကနဦး အနေဖြင့်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိစာရင်းမှ လုပ်ငန်း (၃၀၀)ခု နှင့် SME ဌာနမှ (၁၂၂)ခု၊ စုစုပေါင်း (၄၂၂)ခု အနက်မှ စိစစ်ရွေးချယ်ရန်၊
- Focal နှင့် contact person အား ရန်ကုန် တိုင်းဒေသကြီး DISI ဦးစီးဌာနမှူးအား သတ်မှတ်ဆက်သွယ်ရန်၊
- SME Agency နှင့် ချေးငွေ စိစစ်ရေး ကော်မတီ၏ ရုံးခန်းနေရာ သတ်မှတ်ပေးရန်၊
- ဘဏ်ချေးငွေပေးမည့် SME လုပ်ငန်း(၁၀၀) အား ချေးငွထုတ်ချေးပြီးပါက လုပ်ငန်းတိုး တက်အောင်မြင်ရေးအတွက် လိုအပ်သော သင်တန်းများပေးရန်၊ ဘဏ်များမှ ထုတ်ချေး ပေးမည့်ငွေစာရင်းအား ဥက္ကဋ္ဌထံ လစဉ်တင်ပြ ရန်၊
- SME Agency နှင့် ချေးငွေစိစစ်ရေးကော်မတီ ဝင်များမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်နေ သည့် SME ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အခြေအနေများနှင့် SME လုပ်ငန်းစာရင်းများ အား SMEAgency ဥက္ကဋ္ဌ ထံ တင်ပြရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ မိတ္တူပေးပို့ရန်၊
- CGI ချေးငွေ လျှောက်ထားသူများ၏ အမှုတွဲ ကို မြန်မာ့အာမခံလုပ်ငန်း နှင့် စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ မိတ္တူ ပေးပို့ ရန်။