ဧရာဝတီတိုင်းဒေသကြီး SME အေဂျင်စီ ၏လုပ်ငန်းဆောင်ရွက်မှု
15-08-2018
MSMEs ဒေသတွင်းထုတ်ကုန်ပြပွဲကို(၂၉.၆.၂၀၁၈) ရက်နေ့မှ(၁.၇.၂၀၁၈)ရက်နေ့ထိ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ ၌ အောင်မြင်စွာကျင်းပ နိုင်ခဲ့ပါ သည်။ ဧရာဝတီတိုင်းဒေသကြီး အေဂျင် စီ နှင့် SME အေဂျင်စီတို့၏ ညှိနှိုင်းအစည်းအဝေးနှင့် Action Plan ဖော်ထုတ်ရေးအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါသည်။ဗဟို SME Agency နှင့် ဧရာဝတီတိုင်း ဒေသကြီး SME Agency လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၂.၅.၂၀၁၈) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ဧရာဝတီတိုင်းဒေသကြီး SME Agency Action Plan ကို (၁၉.၆.၂၀၁၈) ရက်နေ့တွင် ရေးဆွဲခဲ့ပြီးဖြစ်ပါသည်။