စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Myanmar Hida Alumni Asociation တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ SME လုပ်ငန်းရှင်များအတွက် စီးပွားရေးဆိုင်ရာ အတွေး အခေါ် အကြံဉာဏ်များဖန်တီးခြင်းနှင့် ဈေးကွက်ရှာဖွေရာတွင် ပြောင်းလဲ လာသောဈေးကွက်အပေါ် ခွဲခြားသိမြင်မှု အမြင်အသစ်များ၊ ထိရောက်သောစိတ်ကူးစိတ်သန်းများဖြင့် စီးပွားရေးလုပ်ငန်းတစ်ခု စတင်နိုင်စေရန် ဂျပန်နိုင်ငံမှ အောင်မြင်နေသော စီးပွားရေး လုပ်ငန်းရှင်များကို သင်တန်းပို့ချပေးလျက် ရှိသည့် တိုကျိုနည်းပညာ တက္ကသိုလ်မှ ပါမောက္ခ Mr. Ramon Meguro မှ “Business Innovation for Start-Up Program” သင်တန်းကို စာတွေ့ သာမက Group Discussion/ Workshop များဖြင့် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။ အဆိုပါသင်တန်းကို ရန်ကုန်မြို့ရှိ Park Royal Hotel တွင် သင်တန်းကြေး (၉၀၀၀ဝိ) ကျပ် ကိုးသောင်းကျပ် (နေ့လည် စာနှင့်စာရွက်စာတမ်းများအပါ) နှုန်းဖြင့် (၃.၁၂.၂၀၁၈) ရက်နေ့မှ (၅.၁၂.၂၀၁၈) ရက်နေ့ထိ (၃) ရက်ကြာ ကျင်းပပြုလုပ်သွား မည်ဖြစ်ပါသဖြင့် တက်ရောက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် ဒေါ်မီမီကျော်၊ လက်ထောက်ညွှန်ကြားရေးမှူး၊
ဖုန်း ၀၉-၅၁၄၇၈၀၂၊ ၀၉-၂၅၀၆၈၂၀၅၉ ထံသို့ (၂၀.၁၁.၂၀၁၈) ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်စုံစမ်းစာရင်းပေး သွင်းနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။
(သင်တန်းသားဦးရေ (၁၈) ဦးသာ လက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။)