အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် ဒစ်ဂျစ်တယ်နည်းပညာ တတ်ကျွမ်းမှုဆိုင်ရာ သင်တန်းသားများခေါ်ယူခြင်း
Go Digital ASEAN စီမံကိန်းအောက်တွင် အာရှဖောင်ဒေးရှင်းနှင့် SME Development Department, DISI, MOPFI တို့အတူပူးပေါင်း၍ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ အတွက် လုပ်ငန်းခွင်အတွင်း ဒစ်ဂျစ်တယ်နည်းပညာများကို ပိုမိုအသုံးပြုနိုင်ရန်အတွက် ဒစ်ဂျစ်တယ် နည်းပညာ တတ်ကျွမ်းမှုဆိုင်ရာ သင်တန်း (Digital Literacy Training for MSMEs) ကို Online မှ တဆင့် ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။
ဒီသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အသေးစား ၊ အငယ်စား ၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ လျှောက်ထားနိုင်ပါသည်။ သင်တန်းအား Zoom Application မှ သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းကြာမြင့်ချိန်မှာ (၁) ရက်လျှင် နေ့တစ်ဝက်နှုန်းဖြင့် (၃)ရက်တက်ရောက် သင်ကြားရမည် ဖြစ်ပါသည်။ သင်ခန်းစာများကို ဆရာ/ဆရာမများမှ စာတွေ့လက်တွေ့သင်ခန်းစာများ ၊ ဉာဏ်စမ်းပဟေဠိများ ၊ group exercises များ ၊ audio visual များဖြင့် သင်ကြားပြသပေးသွားမည် ဖြစ်ပါသည်။
ဒီသင်တန်းတွင် စီးပွားရေး လုပ်ငန်းရှင်များအတွက် လုပ်ငန်းခွင်အတွင်း အသုံးဝင်မည့် ဒစ်ဂျစ်တယ် ကိရိယာများ ၊ ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေခြင်း ၊ အွန်လိုင်းငွေပေးချေမှု အစရှိသည့် အွန်လိုင်းငွေကြေး စီမံခန့်ခွဲရေး ကိရိယာများအကြောင်း စသည်တို့ကို သင်ကြားပြသပေးသွားမည်ဖြစ်ပါသည်။ သင်တန်းအတွက် သင်တန်းကြေးပေးသွင်းစရာမလိုဘဲ အခမဲ့ သင်ကြားပေးသွားပါမည်။ အောက်ဖော်ပြပါ သင်တန်းချိန်များမှ မိမိကြိုက်နှစ်သက်သည့် သင်တန်းတစ်ခုအား ရွေးချယ် လျှောက်ထားနိုင်ပါသည်။
သင်တန်းအပတ်စဥ်တစ်ခုလျှင် သင်တန်းသားဦးရေ (၆၀) ဦး အထိ သတ်မှတ်ထားပါသည်။
သင်တန်းအပတ်စဥ် (၅) –
သင်တန်းရက် - ၁၉ အောက်တိုဘာ ၂၀၂၀ မှ ၂၁ အောက်တိုဘာ ၂၀၂၀ အထိ
သင်တန်း အချိန် - နံနက် (၉) နာရီ မှ နေ့လယ် (၁၂) နာရီအထိ
https://forms.gle/CdosYpK4W9gLtLeL6
သင်တန်းအပတ်စဥ် (၆) –
သင်တန်းရက် - ၁၉ အောက်တိုဘာ ၂၀၂၀ မှ ၂၁ အောက်တိုဘာ ၂၀၂၀ အထိ
သင်တန်း အချိန် - နေ့လယ် (၂) နာရီ မှ ညနေ (၅) နာရီအထိ
https://forms.gle/Q7Nbxigqgy13BzDH8
သင်တန်းအပတ်စဥ် (၇) –
သင်တန်းရက် - ၂၁ အောက်တိုဘာ ၂၀၂၀ မှ ၂၃ အောက်တိုဘာ ၂၀၂၀ အထိ
သင်တန်း အချိန် - နံနက် (၉) နာရီ မှ နေ့လယ် (၁၂) နာရီအထိ
https://forms.gle/ZUSkff4mYponnDUb6
သင်တန်းအပတ်စဥ် (၈) –
သင်တန်းရက် - ၂၁ အောက်တိုဘာ ၂၀၂၀ မှ ၂၃ အောက်တိုဘာ ၂၀၂၀ အထိ
သင်တန်း အချိန် - နေ့လယ် (၂) နာရီ မှ ညနေ (၅) နာရီအထိ
https://forms.gle/k1i11e4xjgrSwGFWA
သင်တန်းအပတ်စဥ် (၉) –
သင်တန်းရက် - ၂၆ အောက်တိုဘာ ၂၀၂၀ မှ ၂၈ အောက်တိုဘာ ၂၀၂၀ အထိ
သင်တန်း အချိန် - နံနက် (၉) နာရီ မှ နေ့လယ် (၁၂) နာရီအထိ
https://forms.gle/MMy8FLjum25aPD6u9
သင်တန်းအပတ်စဥ် (၁၀) –
သင်တန်းရက် - ၂၆ အောက်တိုဘာ ၂၀၂၀ မှ ၂၈ အောက်တိုဘာ ၂၀၂၀ အထိ
သင်တန်း အချိန် - နေ့လယ် (၂) နာရီ မှ ညနေ (၅) နာရီအထိ
https://forms.gle/rjegYFYoVEvhgio47
သင်တန်းအပတ်စဥ် (၁၁) –
သင်တန်းရက် - ၂၈ အောက်တိုဘာ ၂၀၂၀ မှ ၃၀ အောက်တိုဘာ ၂၀၂၀ အထိ
သင်တန်း အချိန် - နံနက် (၉) နာရီ မှ နေ့လယ် (၁၂) နာရီအထိ
https://forms.gle/Tyi4UVLd1LPea4zF7
သင်တန်းအပတ်စဥ် (၁၂) –
သင်တန်းရက် - ၂၈ အောက်တိုဘာ ၂၀၂၀ မှ ၃၀ အောက်တိုဘာ ၂၀၂၀ အထိ
သင်တန်း အချိန် - နေ့လယ် (၂) နာရီ မှ ညနေ (၅) နာရီအထိ
https://forms.gle/buYjinFRTuCmtZMBA
အထက်ဖော်ပြပါ သင်တန်းများအပြီးတွင် နောက်ထပ်သင်တန်းများလည်း ထပ်မံဖွင့်လှစ်သွားရန် စီစဉ်ထားပါသည်။ သင်တန်းတစ်ခုလျှင် သင်တန်းသားဦးရေ အကန့်အသတ်ရှိသောကြောင့် ယခု အပတ်တွင် တက်ရောက်ခွင့်မရခဲ့ပါက နောင်ဖွင့်မည့်သင်တန်းများတွင် စာရင်းပေးသွင်းပါရန် တိုက်တွန်းပြောကြား လိုပါသည်။
သင်တန်းတစ်ခုအား အစမှအဆုံးတိုင် ပြီးမြောက်အောင်တက်ရောက်သင်ကြားသည့် သင်တန်းသားများအား Certificate of Completion နှင့် သတ်မှတ်ထားသော Mobile Data များကို ပေးအပ်သွားမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသည့် သင်တန်းသားများကို ရွေးချယ်ခံရသည့် အကြောင်းနှင့် သင်တန်းတက်ရောက်ရမည့် Zoom Meeting Link အား မိမိသင်တန်းလျှောက်လွှာတွင် ဖြည့်စွက်ခဲ့သော Email လိပ်စာမှတဆင့် ဆက်သွယ် အကြောင်းကြား အသိပေးအပ်သွားမည်ဖြစ်ပါသည်။
ထို့အပြင် သင်တန်းတိုင်း၏ နောက်ဆုံးအချိန်တွင် SME Member Card လျှောက်ထားရန်လိုအပ်သည့်အချက်များနှင့် လျှောက်ထားပုံအဆင့်ဆင့်တို့ကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ အသေးစိတ်ရှင်းလင်းပြောကြားပေးမည့် အစီအစဉ်အားထည့်သွင်းထားပါသည်။
သင်တန်းနှင့်ပတ်သတ်၍ ထပ်မံသိရှိလိုပါက (သို့) ပေးထားသော Link တွင်လျှောက်လွှာတင်ရာ၌ အခက်အခဲ တစ်စုံတစ်ရာရှိပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည်။
နာမည် - ကိုသော်ဇင်
ဖုန်းနံပါတ် - ၀၉ ၄၃၁၀၃၇၃၀
နာမည် - မချိုလဲ့လဲ့လှိုင်
ဖုန်းနံပါတ် - ၀၉ ၉၆၀၀၉၀၈၀၀