Jam the Yogurt: Food Innovation Series - Episode 1 ကို ပါဝင်တက်ရောက်နိုင်ကြောင်း သတင်းအချက်အလက်မျှဝေခြင်း
KitchenHub မှ ဦးဆောင်ပြီး ယခုလာမည့် January လ ၂၃ရက်နေ့တွင် “Jam the yogurt: Food Innovation Series - Episode 1” အားပြုလုပ် ကျင်းပသွားမည် ဖြစ်ပါသည်။
Jam the Yogurt: Food Innovation Series ကတော့ အစားအသောက်တီထွင်ဆန်းသစ်မှုများ နဲ့ သက်ဆိုင်သောအကြောင်း အရာများအား ဆွေးနွေးမည့် အစီအစဉ် တစ်ခုပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာဆိုရင်ဖြင့် အစားအသောက် ထုတ်လုပ်နေသော လုပ်ငန်းသစ်များနဲ့ အစားအသောက် တီထွင်ဖန်တီးသူများကို အချင်းချင်းတွေ့ဆုံစေပြီး အခွင့်အလမ်းများ မျှဝေခြင်း၊
အစားအသောက် တီထွင်ဖန်တီးမှုများကို အတူတကွ အဖြေရှာပြီး လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ အစားအသောက်ထုပ်လုပ်သူများ ၏ တန်ဖိုးနှင့် ထောက်ပံ့မှုများတိုးတက်လာစေရန် အကောင်အထည်ဖော်နိုင်မည့် တွေ့ဆုံဆွေးနွေးမှု တစ်ခုအနေဖြင့် ပံ့ပိုးထားခြင်းဖြစ်ပါတယ်။
ယခု အစီအစဉ်တွင် အစားအသောက်လုပ်ငန်းအသီးသီးမှ တန်ဖိုးမြှင့် စားသောက် ကုန်များနှင့် တီထွင်ဆန်းသစ်ထားသော စားသောက်ကုန်များကို ထုပ်လုပ်ရောင်းချနေသော လုပ်ငန်းရှင် Entrepreneurs များမှ ပါဝင် ဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။
ထို့အပြင် ပါဝင်ကူညီ ဆွေးနွေးပေးသွားမည့် Entrepreneurs များအနေဖြင့် သမားရိုးကျ အစားအသောက်ပုံစံမှ တီထွင်မှု အသစ်ဖြင့် ကျန်းမာရေးနဲ့ညီညွတ်သော၊ စျေးကွက်ဝင်သော အစားသောက်ပုံစံကိုပြောင်းလဲခဲ့သည့် အကြောင်အရာများကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ဒီ webinar မှတဆင့် အစားအသောက်နယ်ပယ်အတွင်းမှာရှိတဲ့ တီထွင်ဆန်းသစ်မှု စိတ်ကူးများကို ပြသသွားမှာပဲဖြစ်ပါတယ်။ ဖိတ်ကြားထားသော လုပ်ငန်းရှင် Entrepreneurs များနှင့် အစားအသောက် ထုပ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်သူတို့မှ တီထွင်ဆန်းသစ်ထားသောစားသောက်ကုန်များအကြောင်းနဲ့ ဆက်လက်ပြီးဘယ်လိုတန်ဖိုးမြှင့်တင်ရမလဲဆိုတဲ့ ကြောင်းများကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်
ကျင်းပပြုလုပ်မည့် နေ့ရက် - ၂၃ ဇန်နဝါရီလ ၂၀၂၁
ကျင်းပပြုလုပ်မည့် အချိန် - နေ့လည် ၂နာရီ မှ ၄နာရီ အထိ
ကျင်းပပြုလုပ်မည့် နေရာ - Zoom မှ တဆင့်ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်
ဆွေးနွေးမှုအား KitchenHub နှင့် Impact Hub Yangon Page တို့တွင်လဲ Live streaming ပြုလုပ်သွားမည် ဖြစ်ပါသည်။
တက်ရောက်လိုသူများ အနေဖြင့် အောက်ဖော်ပြပါ လင့်ခ်-Link မှ တစ်ဆင့် စာရင်းပေးသွင်း နိုင်ပါသည်။