ကုန်အမှတ်တံဆိပ်ဥပဒေပါ ပြဌာန်းချက်များနှင့်ပတ်သက်သည့် Knowledge Sharing Workshop များအား ကျင်းပပြုလုပ်ပေးသွားမည်
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Biz Law Consult Myanmar Co.,Ltd တို့ပူးပေါင်းပြီး ပြည်ထောင်စုလွှတ်တော်မှ (၃၁.၁.၂၀၁၉) ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သော ကုန်အမှတ်တံဆိပ်ဥပဒေပါ ပြဌာန်းချက်များနှင့်ပတ်သက်၍ SME လုပ်ငန်းရှင်များအနေဖြင့် အဆိုပါဥပဒေပါ ပြဌာန်းချက်များကို သဘောပေါက်နားလည်လာကာ မိမိတို့၏လုပ်ငန်းများနှင့် ပတ်သက်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်စေရန်အတွက် Knowledge Sharing Workshop များအား မန္တလေးမြို့၊ မုံရွာမြို့၊ မကွေးမြို့၊ ပုသိမ်မြို့နှင့် ရန်ကုန်မြို့တို့တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပေးသွားပါမည်-
#ဆွေးနွေးပွဲအမည်
ကုန်အမှတ်တံဆိပ်ဥပဒေပါပြဌာန်းချက်များနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ
#ကျင်းပမည့်မြို့၊ နေ့ရက်၊ နေရာနှင့် ဆက်သွယ်စာရင်းပေးသွင်းရမည့်သူ၏အမည်
(၁) မန္တလေးမြို့ : (၁၆.၂.၂၀၁၉) ရက်၊ စနေနေ့၊ (၁:ဝဝ) မှ (၅:ဝဝ) နာရီထိ
Royal Mingalar Hotel၊ ၇၃ လမ်းနှင့် ငုရွှေဝါလမ်းထောင့်၊ မန္တလေးမြို့၊
ဒေါ်စောမာမာဝင်း၊ ဖုန်း ၀၉-၃၃၄၈၅၀၅၄ ၊ ၀၉-၇၉၇၃၃၃၉၇၉
(၂) မုံရွာမြို့ : (၁၇.၂.၂၀၁၉) ရက်၊ တနင်္ဂနွေနေ့
Win Unity Hotel၊ မန္တလေးမြို့၊
ဦးစိုးနိုင်၊ ဖုန်း ၀၉-၄၀၀၄၆၈၉၁၁
(၃) မကွေးမြို့ : (၁၉.၂.၂၀၁၉) ရက်၊ အင်္ဂါနေ့
အချိန်နှင့်နေရာ ထပ်မံကြေညာပေးပါမည်။
ဒေါ်မြင့်မြင့်သိန်း၊ ဖုန်း ၀၉-၅၃၄၁၈၄၀
(၄) ပုသိမ်မြို့ : (၃.၃.၂၀၁၉) ရက်၊ တနင်္ဂနွေနေ့
ပုသိမ်မြို့တော်ခန်းမ၊ (၁:ဝဝ) မှ (၅:ဝဝ) နာရီထိ
ဒေါ်ခင်ခင်ဆွေ၊ ဖုန်း ၀၉-၅၁၄၈၆၈၈
(၁) ရန်ကုန်မြို့ : (၉.၃.၂၀၁၉) ရက်၊ စနေနေ့
အချိန်နှင့်နေရာ ထပ်မံကြေညာပေးပါမည်။
ဦးတင်ကိုကိုဆွေ၊ ဖုန်း ၀၉-၅၀၇၀၈၆၆ ၊ ၀၁-၅၅၁၉၇၃
တက်ရောက်လိုသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာဒေသအလိုက် ဖော်ပြထားသည့်ပုဂ္ဂိုလ်များအား ဆက်သွယ်စုံစမ်းပြီး အမည်စာရင်းပေးသွင်းနိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။