“ချေးငွေအခွင့်အလမ်းဆိုင်ရာ အစိမ်းရောင်ဘဏ္ဍာရေး အွန်လိုင်းအလုပ်ရုံ ဆွေးနွေးပွဲ” သို့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားခြင်း
#ဆွစ်ဇာလန်နိုင်ငံအခြေစိုက် World Wide Fund for Nature (WWF) သည် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် မိတ်ဖက်ဘဏ်များဖြစ်သည့် CB၊ MAB၊ MCB ၊ A-Bank တို့နှင့်ပူးပေါင်း၍ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ စွမ်းအင်ချွေတာခြင်း၊ ရေဆိုးရေညစ်များကာကွယ်တားဆီးနိုင်ခြင်းစသော စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်ရန်နှင့် အစိမ်းရောင်လုပ်ငန်းများအဖြစ်သို့ အကောင်အထည်ဖော်ဆောင်လိုသော စီးပွားရေးလုပ်ငန်းရှင်များအတွက် လိုအပ်ပါက ချေးငွေရယူ လျှောက်ထားနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားနိုင်ရန်ရည်ရွယ်၍ “ချေးငွေအခွင့်အလမ်း ဆိုင်ရာ အစိမ်းရောင်ဘဏ္ဍာရေး အွန်လိုင်းဆွေးနွေးပွဲ” ကို Zoom application မှတဆင့် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်−
#နေ့ရက် - ၂၁.၁.၂၀၂၁ (ကြာသာပတေးနေ့)
#အချိန် - နေ့လယ် (၁:၀၀) နာရီမှ (၃:၃၀) နာရီအထိ
#နေရာ - Online (Zoom Application)
#သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်လိုပါက အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်−
#ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင် - ဒေါ်သန်းသန်းလှ
၀၉-၇၉၈၄၇၃၄၇၂
#ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင် - ဒေါ်နွယ်နီစိုး
၀၉-၆၈၉၃၉၆၆၆၀
#ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် - ဒေါ်အေးမြသန္တာ
၀၉-၇၉၅၃၈၄၇၆၉
#ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင် - ဒေါ်တင်မာဆွေ
၀၉-၄၂၀၀၃၈၉၀၄
#မန္တလေးတိုင်းဒေသကြီး− ဒေါ်သူဇာမောင်
၀၂−၄၀၂၁၀၉၇
#ဧရာဝတီတိုင်းဒေသကြီး− ဒေါ်ခင်ခင်ဆွေ
၀၄၂−၂၀၂၉၀၂၁