The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2023-02-25
2:130
နေပြည်တော်

    ဘေးအန္တရာယ်ကင်းရှင်းသော အစားအ‌သောက် ဖြည့်စွက်ပစ္စည်းများကိုအသုံးပြု၍ ကျန်းမားရေးအတွက် လုံခြုံမှုရှိပြီး အဟာရပြည့်ဝသော အရည်အသွေးမီ စားသောက်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက်ရည်ရွယ်၍ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA) မှ (၂၅.၂.၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် “Basic Training for Awareness of Food Additives(အစားအသောက် ဖြည့်စွက်ပစ္စည်းများအတွက် အခြေခံ သိမှတ်ဖွယ်ရာသင်တန်း )သို့ ကချင်ပြည်နယ်မှ သင်တန်းသား (၂) ဦး၊ ရှမ်းပြည်နယ်မှ (၃) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၄) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂) ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁) ဦး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ (၃) ဦး စုစုပေါင်း MSME လုပ်ငန်းရှင် (၁၅) ဦး တက်ရောက် နိုင်ရေးချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပါသည်။

    အဆိုပါသင်တန်းတွင် အစားအသောက်ဖြည့်စွက်ပစ္စည်းများ၏ အဓိပ္ပာယ်သတ်မှတ် ချက်၊ အစားအသောက်ဖြည့်စွက်ပစ္စည်းများ စားသုံးရခြင်း၏ ရည်ရွယ်ချက်နှင့် အဓိကလုပ်ငန်းများ၊ အစားအသောက်ဖြည့်စွက်ပစ္စည်းအချို့၏ ဆိုးကျိုးသက်ရောက်မှုများ၊ အစားအသောက် ဖြည့်စွက်ပစ္စည်းများ၏ အဓိကအုပ်စုများ၊ အစားအသောက်ဖြည့်စွက်ပစ္စည်းများ၏ အမျိုးအစားများနှင့် ၎င်းတို့၏ တိကျသော အသေးစိတ်လုပ်ငန်းတာဝန်များ၊ အစားအသောက်ဖြည့်စွက်ပစ္စည်းများ အသုံးပြုရန်အတွက် စည်းမျဉ်းများ၊ အစားအသောက်ဖြည့်စွက်ပစ္စည်းများ အများဆုံးသုံးစွဲနိုင်သည့် ခွင့်ပြုပမဏ၊ အစားအသောက်ဖြည့်စွက်ပစ္စည်းများကို Website များတွင် ရှာဖွေပုံ အဆင့်ဆင့်၊ အစားအသောက်ဖြည့်စွက်ပစ္စည်းများအတွက် နိုင်ငံတကာသုံး အမှတ်စဉ်တပ်ခြင်း စနစ်၊ အစားအသောက်ဖြည့်စွက်ပစ္စည်းများအတွက် အညွှန်းတံဆိပ်တပ်ခြင်းတို့ကို သင်ကြားပေးခဲ့ပါသည်။