The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2023-02-13
11:00
နေပြည်တော်

    ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သပြုကျေးရွာရှိ MSMEs လုပ်ငန်းရှင်များအတွက် ခေတ်မီနည်းပညာများ ကူညီပံ့ပိုးပေးခြင်းဖြင့် မိရိုးဖလာနည်းဖြင့်ဆောင်ရွက်နေခြင်းမှ ခေတ်မီ နည်းပညာများ အသုံးပြုလာနိုင်စေရန်၊ ဈေးကွက်ပိုမိုရရှိလာစေရန်နှင့် သံနှင့်ဒန်သတ္တုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သံနှင့်ဒန်သတ္တုအရည်ကျိုလုပ်ငန်း နည်းပညာသင်တန်းကို (၁၃..၂၀၂) ရက်နေ့မှ (၁၇.၂.၂၀၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ MSME လုပ်ငန်းရှင် (၂၉) ဦး တက်ရောက်ခဲ့ကြပါသည်။

      အဆိုပါသင်တန်းမှ အလူမီနီယမ်နှင့် ဓါတ်တိုးခြင်းဆိုင်ရာ သင်ခန်းစာများ၊ ပုံသွင်းသဲ ပြုလုပ်ခြင်း၊ သတ္တုအရည်ကျိုခြင်းနည်းပညာများ ၊သဲတွင် ရွှံ့နှင့် ရေငွေ့ပါဝင်နှုန်းများကို Drying Machine ဖြင့်လက်တွေ့ Mould and Die ပြုလုပ်ခြင်း၊ သတ္တုအရည်ကြိုခြင်းဆိုင်ရာ အသိပညာများ၊ သဲပွင့်၏ အရွယ်အစား၊ ပုံသဏ္ဍာန်များကို Microscope 15x ဖြင့် လက်တွေ့ပြသကြည့်ရှုပို့ချခြင်းများ၊ Mould and Die ပြုလုပ်ပုံ အဆင့်ဆင့်နှင့် Permanent Die သွန်းလောင်းပုံ အဆင့်ဆင့်ကို အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)မှ ဒုတိယစက်ရုံမှူး ဦးစိုင်းကျော်ကျော်ဦးက သင်ကြားပို့ချခဲ့ပါသည်။