ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန

အသေးစား၊အငယ်စားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန

2022-08-26
1:08 pm
နေပြည်တော်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မူပိုင်ခွင့်ဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် IP အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့တွင်  Virtual Format ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ      နှင်းနွယ်အေးနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဉာဏပစ္စည်းမူပိုင်ခွင့်နှင့်ပတ်သက်သည်များအား MSME များ သိရှိနိုင်ရန် အသိပညာပေးခြင်းနှင့် ၎င်းတို့၏လုပ်ငန်းများအတွက် အမှတ်တံဆိပ်မူပိုင်ခွင့်၊ တီထွင်မှု မူပိုင်ခွင့်နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ကာကွယ်ရေးတို့ကို သတိပြုမိစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးအသင်းအဖွဲ့များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး‌ရေးဌာနမှ အရာထမ်းများအပါအဝင် စုစုပေါင်း ၈၁ ဦး တက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှတာဝန်ရှိသူများမှ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်နှင့် စက်မှုဒီဇိုင်းဆိုင်ရာ ဗဟုသုတများကို မျှဝေခဲ့ကြပါသည်။