စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပြည်တွင်းရှိ MSME လုပ်ငန်းများ တင်ပြ တောင်းခံလာသည့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အဖက်ဖက်က ပံ့ပိုးဖြည့်ဆည်းနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေရာ ရှမ်းပြည်နယ်တောင်ပိုင်း ငွေစံအိမ်ရိုးရာချည်ထည်လုပ်ငန်းမှ MSME လုပ်ငန်းရှင် ဒေါ်နန်းစံလှိုင်းမှ ဒေသထွက် ပိတ်အုပ်များကို ထိုင်းနိုင်ငံမှမှာယူသည့် ပိတ်အုပ်များကဲ့သို့ နူးညံ့အောင် ပေါင်းခံသောနည်းပညာနှင့် အသုံးပြုရမည့် စက်ပစ္စည်းများနှင့်ပတ်သက်၍ ကူညီ ချိတ်ဆက်ပေးပါရန် ရှမ်းပြည်နယ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှတဆင့် တင်ပြ တောင်းခံလာမှုအပေါ် အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းနှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင် များအသင်းတို့ထံသို့ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ညှိနှိုင်းခဲ့ရာတွင် အမှတ် (၃)
အကြီးစားစက်မှုလုပ်ငန်းမှ အဆိုပါ နည်းပညာ တောင်းခံမှုနှင့် စပ်လျဉ်း၍
ရရှိနိုင်သည့် စက်ပစ္စည်း အမျိုးအစား၊ Specification နှင့် ဈေးနှုန်း အပါအဝင်
ချိတ်ဆက်ဝယ်ယူနိုင်ရန် အရောင်းပြခန်းလိပ်စာ စသည်ဖြင့် ပြည့်စုံစွာ ပေးပို့ပြန်ကြား လာမှုအပေါ် သက်ဆိုင်ရာလုပ်ငန်းရှင်ထံသို့
သတင်းအချက်အလက် ပြန်ကြားခဲ့ပြီး လုပ်ငန်းရှင်တစ်ဦး တည်း အကျိုးသာမက
အခြားလုပ်ငန်းတူချည်ထည် MSME လုပ်ငန်းရှင်များ အကျိုးရရှိ ဖြစ်ထွန်း စေရေးအတွက် “ပိတ်သားအား နူးညံ့အောင် ပေါင်းခံသော
နည်းစနစ် အသုံးပြုခြင်းဆိုင်ရာ Knowledge Sharing” ကို (၂၇.၅.၂၀၂၂)
ရက်နေ့တွင် ရုံးအမှတ် (၃၇) အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊
ဦးဆောင်ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူ များ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊
မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းနှင့် အထည်အလိပ်ကဏ္ဍရှိ MSME လုပ်ငန်းရှင်များ စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ပါသည်။
“ပိတ်သားအား နူးညံ့အောင် ပေါင်းခံသော နည်းစနစ်အသုံးပြုခြင်း” ဆိုင်ရာ
Knowledge Sharing အခမ်းအနားတွင် ပိတ်သားအား နူးညံ့အောင် ပြုလုပ်သည့်
စက်ပစ္စည်း/ နည်းပညာ/ သတင်းအချက်အလက် ပံ့ပိုးပေးနိုင်မည့် အခြေအနေများ၊ ချိတ်ဆက်ဆောင်ရွက်နိုင်မည့်
အချက် အလက်များကို အစိုးရဌာနများနှင့်
အသင်းအဖွဲ့များမှ သက်ဆိုင်ရာပညာရှင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ ကြရာ
အထည်အလိပ်ကဏ္ဍရှိ MSME များအတွက် ပြည်တွင်း/ ပြည်ပ ဈေးကွက် (Target Market)
သို့ ရောက်ရှိစေရန် မိမိထုတ်ကုန်အခြေအနေကိုသိရှိနားလည်၍ အရည်အသွေးကောင်းမွန်သည့် အဆင့်မြင့်ထုတ်ကုန်များ
ပိုမိုတိုးမြှင့်ထုတ်လုပ်လာနိုင်ပြီး နိုင်ငံ့စီးပွားရေးကို တဖက်တလမ်းက တိုးမြှင့် စေမည့်
MSME လုပ်ငန်းများ ဖြစ်ထွန်းလာမည် ဖြစ်ပါသည်။