The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

SME image
From 6-09-2018 to 7-09-2018
11:30 AM
မွန်ပြည်နယ်၊ မော်လမြိုင်မြို့

(၆-၉-၂၀၁၈ )  ရက်နေ့မှ (၇.၉.၂၀၁၈ ) ရက်နေ့အထိ ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏လုပ်ငန်းစီမံချက်ဖော်ထုတ်ရေးအလုပ်ရုံဆွေးနွေးပွဲသတင်း

အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် မွန်ပြည်နယ် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့ ပူးပေါင်း၍ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(UNIDO)၏ အထောက်အပံ့ဖြင့် ‘မွန်ပြည်နယ် လုပ်ငန်းစီမံချက်ဖော်ထုတ်ရေးအလုပ်ရုံဆွေးနွေးပွဲ’ကိုမွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်(၆.၉.၂၀၁၈) ရက်နေ့မှ (၇.၉.၂၀၁၈) ရက်နေ့အထိ ပြုလုပ်ခဲ့ပါ သည်။  အလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ်အတွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုရှင်သန်ခိုင်မာလာရေးအတွက် ချိတ်ဆက်ထောက်ပံ့ပေး နိုင်ရေးနှင့် ပြည်နယ်အတွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရှင်များ၏ အကြံပြုချက်များ၊ အတွေ့အကြုံကောင်းများကို ဖလှယ်နိုင် ရန်နှင့် ချိတ်ဆက်နိုင်ရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီအဖွဲ့ဝင်များ၊ မွန်ပြည်နယ် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များ၊ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (UNIDO) မှပညာရှင်များ၊ မွန်ပြည်နယ်ဌာနဆိုင်ရာ အဖွဲ့အစည်း များမှတာဝန်ရှိသူများ၊ စက်မှုဇုန်များမှကိုယ်စားလှယ်များ၊ ဆန်စက်လုပ်ငန်းရှင်များမှ ကိုယ်စား လှယ်များ၊ ရာဘာလုပ်ငန်းရှင်များမှ ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြန်မာ့စီးပွားရေးဘဏ်မှကိုယ်စားလှယ်များ၊ မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ စွန့်ဦးတီထွင်လူငယ်များအသင်းမှ ကိုယ်စားလှယ်များ၊ ဘဏ်လုပ်ငန်းအဖွဲ့အစည်းများနှင့် မွန်ပြည်နယ်အတွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း(၁၆၆) ဦး တက်ရောက်ခဲ့ကြပါသည်။