The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

SME image
From 8-09-2018 to 9-09-2018
11:45 AM
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ

(၈.၉.၂၀၁၈) ရက်နေ့မှ (၉.၉.၂၀၁၈) ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ကရင်ပြည်နယ် SMEs လုပ်ငန်းများအတွက် လုပ်ငန်းစီမံချက် ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲသတင်း

အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် ကရင်ပြည်နယ် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ တို့ပူးပေါင်း၍ ကရင်ပြည်နယ်အတွင်းရှိ SMEs လုပ်ငန်းများအတွက် လုပ်ငန်းစီမံချက်ဖော်ထုတ် ရေး အလုပ်ရုံဆွေးနွေးပွဲကို (၈.၉.၂၀၁၈) ရက်နေ့နှင့် (၉.၉.၂၀၁၈) ရက်နေ့များတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ကရင်ပြည်နယ်၏ အလားအလာကောင်းသော စီးပွားရေးလုပ်ငန်းကဏ္ဍများအား ဖော်ထုတ်ပြီး မြှင့်တင်အားပေးရန်၊ SMEs လုပ်ငန်းများ၏ ကဏ္ဍအလိုက် လိုအပ်ချက်များအား သိရှိ ပြီး ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်း၍ လက်တွေ့ကျကျကူညီပံ့ပိုးပေး နိုင်ရန်၊ SMEs လုပ်ငန်းများအကြား ခိုင်မာသော ကွန်ယက်တစ်ခုတည်ထောင်ပြီး အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီအဖွဲ့ဝင်များ၊ ကရင်ပြည်နယ် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင်များ၊ ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (UNIDO) မှ ပညာရှင်များ၊ PS Business School မှ အမှုဆောင်အရာရှိချုပ်၊ ကရင်ပြည်နယ် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်များမှကိုယ်စားလှယ်များ၊ ဆန်စက်လုပ်ငန်းရှင် များမါအလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ရာဘာလုပ်ငန်းရှင်များမှ ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြန်မာ့စီးပွားရေးဘဏ်မှ ကိုယ်စားလှယ်များ၊ ကရင်ပြည်နယ် ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (CCI) မှ ကိုယ်စားလှယ်များ၊ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (YEA) မှ ကိုယ်စားလှယ်များ၊ ဘဏ်လုပ်ငန်းအဖွဲ့အစည်းများနှင့် ကရင်ပြည်နယ်အတွင်းရှိ SME လုပ်ငန်းရှင်များ စုစုပေါင်း(၁၄၉) ဦး တက်ရောက်ခဲ့ကြပါသည်။